home

MSI Technology Computer Centre နဝမအကြိမ်မြောက် သင်တန်းဆင်းပွဲအခမ်းအနား

MSI Technology Computer Centre ၏ နဝမအကြိမ် သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပုသိမ်မြို့ ဆရာဝန်အသင်းခန်းမ၌ ကျင်းပရာ တိုင်းပညာရေးမှူး နှင့်တကွ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ ဆရာကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ နှင့် မိဘများ တက်ရောက်ခဲ့ ကြပါသည်။

http://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification1.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification2.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification3.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification4.jpg

ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီး အမှတ်(၁) အခြေခံပညာဦးစီးဋ္ဌာန တိုင်းပညာရေးမှူး ဆရာကြီး ဦးခွန်ကျော်မြင့် မှ အဖွင့်အမှာစကား ပြောကြားရာတွင် နည်းပညာများ တိုးတက်လာသဖြင့် ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် မိမိ တတ်မြောက်သော အိုင်စီတီ နည်းပညာအား မိမိနှင့် လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အကျိုးရှိရှိ အသုံးချသွားရန် လမ်းညွှန် ပြောဆိုသွားပါသည်။

http://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification5.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification61.jpg

ထို့နောက် MSI Technology Computer Center မှ အခြေခံပညာ ကျောင်းများအား ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း (၅) ကြိမ်မြောက် လှူဒါန်းမှု အစီအစဉ်အရ MSI Technology ၏ Director ဦးမျိုးသူရသိန်း က အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းသို့ Epson Color Printer နှင့် Canon Scannar ကို ပေးအပ်လှုဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်စန်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

http://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification7.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification9.jpg

ထိုနောက် အစီအစဉ်အရ ၂၀၁၀ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သော သင်တန်းများမှ တက်ရောက်သင်ယူသူ (၇၂၅) ဦးအနက် သတ်မှတ် အရည်အချင်း ပြည့်မှီသော သင်တန်းသား သင်တန်းသူ (၆၅၂) ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး နံနက် ၁၀ နာရီခန့်တွင် သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

http://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification10.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification11.jpg

MSI Technology ၏ နဝမ အကြိမ် သင်တန်းဆင်းပွဲ အခမ်းအနားတွင် နွေရာသီ ကလေးများအတွက် ကွန်ပျူတာ သင်တန်းများမှ ကလေး (၈၆) ဦး ၊ Network Engineering ၊ Graphic Design ၊ Web Design စသော အဆင့်မြင့် ကွန်ပျူတာ သင်တန်းများမှ သင်တန်းသား သင်တန်းသူ (၉၃) ဦး နှင့် ကွန်ပျူတာ အခြေခံ သင်တန်းများမှ သင်တန်းသား သင်တန်းသူ (၄၇၁) ဦး တို့ကို သက်ဆိုင်ရာ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။

http://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification12.jpghttp://patheincity.com/news/wp-content/uploads/2011/01/msi-9th-certification13.jpg

 

သင်တန်းဆင်းပွဲတွင်ပါဝင်သောအတန်းများနှင့် သင်တန်းသားအရေအတွက်
စဉ်
အတန်းအမည်
အတန်းအမှတ်စဉ်
အရေအတွက်
သင်တန်းသားစာရင်း အသေးစိတ်
Computer For Kid Level I CFK (1 မှ 3)
၂၄ ဦး
Computer For Kid Level II ACFK (1 မှ 5)
၃၈ ဦး
Computer For Kid Level III Level III (1 မှ 2)
၁၆ ဦး
Graphic Design For Kid GDFK
၈ ဦး
Networking Level I Course NE (3 မှ 4)
၁၂ ဦး
Professional Web Creation Course PWC (1 မှ 2)
၆ ဦး
Professional Graphic Design GD (22 မှ 24)
၁၉ ဦး
Office Application Course Level I OAC (270 မှ 336)
၄၇၁ ဦး
Office Application Course Level II Level II (38 မှ 45)
၅၆ ဦး

အကြာင်း အမျိုးမျိုးကြောင့် သင်တန်းဆင်းပွဲသို့ မတက်ရောက်နိုင်သူများသည် ၂၀၁၁ ဖေဖေါ်ဝါရီလမှ စ၍ မိမိတို့၏ သင်တန်းဆင်း လက်မှတ်များကို MSI Technology Computer Centre သင်တန်းရေးရာဌာနတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

သင်တန်းဆင်းပွဲနှင့် ပါတ်သက်၍ အသေးစိတ် အချက်အလက်များကို www.msitechtraining.com တွင်လည်းကောင်း ၊ MSI Technology Computer Centre သင်တန်းရေးရာဌာန၊ အမှတ် ၁၃/၁၄ အားကာဆိုင်ခန်း၊ ကုန်သည်လမ်း၊ ပုသိမ်မြို့၊ ဖုန်း 042-24263 ၊ 25808 သို့ဆက်သွယ်၍လည်းကောင်း စုံစမ်းနိုင်ပါသည်။

Walk The Nose
Is Sunset Beach in Oahu's North Shore the best spot to catch a break in the world?

Nationwide Transfers
Half-pipes, full pipes, rails and ledges.. The country's best spots to grind it out

Baked Alaska
The Alaska Range is North America's premier alpine climbing destination

Whistler
Find out what this world-class resort in the Great White North has to offer year-round

Wilder Ranch
The State Park credits itself as the best state park for biking in California